Sunday, July 26, 2009

ခရစ်ယန်ဘာသာ နှင့် နိုင်ငံရေး

ข้อความในเอกสารนี้ (รวมทั้งในเอกสารแนบ) มีเพื่อบุคคลที่กำหนดไว้ โดยเป็นเอกสารข้อมูลความลับของ Mattel และ/หรือ ข้อมูลความลับทางการค้าของ Mattel หากคุณไม่ได้เป็นผู้รับที่ระบุไว้ คุณไม่ควรถ่ายสำเนา แจกจ่าย หรือใช้ข้อมูลนี้เพื่อจุดประสงค์อันใด และควรลบข้อความนี้ รวมถึงแจ้งให้ผู้ส่งทราบโดยทันที


Oversea Burmese Youth Christian Association

Tuesday, May 5, 2009

သင့် နှလုံးသားထဲ၌ကိန်းအောင်းနေသော ခရစ်တော်

Oversea Burmese Youth Christian Association ( Canada )

ခရစ်တော်သည် သင့် နလုံးသားထဲ၌ကိန်းအောင်းနေသည်ကို သင် ကိုယ်တိုင်သိပါ၏လော




သင်၏ခန္ဓာကိုယ်သည် ဘုရားရှင်၏ ဗိမန်ဖြစ်၏ ဟုဆိုလျှင် သင် ၏ နှလုံးသားသည်
ဝမ်းမြောက်ဖွယ်ရာတို့ ကို ခံစားရလိမ်မည်။

ထိုသူသည် နားကျပ် ကလေးကို အမှတ်မထင်ကောက်ရ ပြီး စိတ်ထင်ရာနေရာများ
ကို စူစမ်းနားထောင် နေသကဲ့ သို့ သင်သည်လည်း အတပ်ပညာများ ၊ ငွေကြေးများ
ကို ပိုင်ဆိုင်နေသော်လည်း မိမိနှလုံးသားကို ပြန်လည်ဆန်းစစ်ရန်မေ့ လျှောနေပေ
လိပ့် မည် ။

Monday, May 4, 2009

အသက်မွေးလောက်သော အစာကို နေ့ ရက်စဉ်တိုင်း

Oversea Burmese Youth Christian Association ( Nether land)

အသက်မွေးလောက်သော အစာကို နေ့ ရက်စဉ်တိုင်း ပေးသနားတော်မှူသောကြောင့် ...
ကျေးဇူးတင် သည် ..

http://www.cultureu nplugged. com/play/ 1081/Chicken- a-la-Carte

မစားနိုင်သူတွေ မသောက်နိုင်သူတွေ ပေါများတဲ့ အထဲမှာ သင်စားရတာရော
သောက်ရတာရော ကျေးဇူးတင်သလား...

၂၀၀၆ ကမ္ဘာ့ ရုပ်ရှင် ပွဲတော်ဆုရ ၊ ငါးမိနှစ်သာကြပါသည် ကြည့် ဖြစ်အောင်ကြည့် ပါ
ဖြစ်ရပ်မှန် ဇတ်လမ်း လေး ..

Sunday, May 3, 2009

ဘယ်ကလာ ၍ ဘယ်ကို သွား မည်နည်း


Oversea Burmese Youth Christian Association ( U.S )

ဘယ်ကလာ ၍ ဘယ်ကို သွား မည်နည်း

သင် ၏မွေးဖွား ခြင်း အတွက် သင့် ဉ် ရွေးချယ်နိုင်ခွင့် မရှိသော်လည်း သင် အသက်ရှင်နေထိုင်
လိုက်လျှောက် ခြင်း အတွင် သင့် ၌ ရွေးချယ် စရာ ရှိပါသည်...

မိတ်ဆွေသည် မွေးဖွါး သည့် နေရာ ၊ နိုင်ငံ ၊ မျိုးရိုး ဇာတိဒေသကိုလိုက်၍ အစားအစာ များကိုစား
သောက်လာခဲ့ ရပေသည်... ဆန် ကို အဓိကစား၍ ကြီးပြင်းလာရသောသူ ၊ ဂျုံ ကို အဓိကထား၍
ကြီးပြင်းလာရသောသူ ၊ ပေါင်မုံ့ ကို သော်၎င်း ၊ ကောက်ညှင်း ကိုသော်၎င်း သင်၏ အသက် ကိုယ်
ခံန္ဓာ ရှင်သန်နေရေးအတွက် စားသုံးနေရပေသည် ။

ဘယ်အစားအစာ သည် ဘယ်လူမျိုးအတွက် ၊ ကောင်းမွန်သည် ၊ အကောင်းဆုံးဖြစ်သည်ကို အငြင်း
ပွားနေရန် မသင့် ပေ ၊ သို့ သော် အစာ စားရမည် မှာကျိန်းသေဖြစ်ပါသည် ။

လူသည် ကိုယ် ၊ စိတ် ၊ ၀ိညဉ် သုံးပါး ဖြင့် ဖွဲ့ စည်း ထားသော သက် ရှိဖြစ်ရကား သင် ၏ ခန္ဓာရှင်သန်
ရေး အတွက် အစာ တခုခုစားသုံးရန် လိုအပ်သကဲ့ သို့  သင် ၏ ၀ိညာဉ် ရှင်သန်နေစေရေး အတွက်
ဝိညာဉ် စာ တခုခု စားသုံးရန် လိုအပ်ပါသည် ။

ဥပမာ ပေးရလျှင်မူကား လူ ၊ တရိစ္ဆာန် ၊ သစ်ပင် စသည့်  သက်ရှိ သုံးမျိုးတွင် သစ်ပင်သည် ကိုယ်ခံ
န္ဓာ သာရှိ၍ စိတ်နှင့် ဝိညာဉ် မရှိပေ ၊ တရိစ္ဆာန်တွင်လည်း ကိုယ်ခံန္ဓာနှင့်  စိတ်သာ ရှိ၍ ၀ိညာဉ် မရှိ
ပေ ၊ ဘုရားသခင် ဖန်ဆင်း သည့် လူသည်ကား ၊ ကိုယ် ၊စိတ် ၊ ၀ိညာဉ် သုံးပါးဖြင့် ဖွဲ့ စည်း ထားလေ
သည် ၊ ကမ္ဘာဦးကျမ်းကို လေ့ လာကြည့် လျှင် ဘုရားသခင်သည် ကမ္ဘာဦးအစ၌ တရိစ္ဆာန်နှင့် သစ်
ပင် စသည်တို့ ကို တန်ခိုးတော်နှင့် ဖန်ဆင်း လေ၏ လူကို မြေမှူံ့ ဖြင့် ဖန်ဆင်းပြီး မှ ဇိဝအသက်
ဝိညာဉ်ကို သူကိုယ်တိုင် မှူတ်သွင်းတော်မူပြီးမှ ဖြစ်စေခဲ့ ၏

ထို့ ကြောင့်  သင်္ခါရ တရားနှင့် ပြေ့ ဝသောဤကမ္ဘာကြီးတွင် အရာအားလုံးသည် ပျက်စည်းကြ
သောအခါ မြေ မှူံ့ ဘ၀သို့ ရောက်သွားရသော်လည်း ဘုရားရှင် မှူတ်သွင်းတော်မူသော ၀ိညာဉ်
သည် ထာဝရ တည်ရှိနေလေ၏ ။

ဝိညာဉ် တည်မြဲ မှူနိယာမအရ " ၀ိညာဉ်တိုင်းသည် ပျောက်ဆုံးခြင်းမရှိ ၊ ပျက်စီးခြင်းမရှိ ၊ ပုံသန်
တန်တမျိုးမဟုတ်တမျိုးဖြင့် ထာဝရတည်ရှိနေလေ၏ "။ ဆိုချင်ပါသည် ။

ဤသို့ ဆိုလျှင် သင် ၏ ၀ိညာဉ်သည် ဘယ်သို့ သွာမည် ကို သင် တွေး တော မိပါသလား ..

ဆက်လက် ရေးသားပါမည် ...

Monday, April 27, 2009

GOD IS LOVE


" GOD IS LOVE "


" ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မှူ၏ "

( ခရစ်စမတ်ဆိုသည်မှာ ပေးဆပ်ခြင်း၏ ပုံသက်သေ ဟူ၍လည်းယူဆ၍ ရနိုင်ပါသည် )

ဤကမ္ဘာမြေပေါ် ရှိ သက်ရှိ သတ္တ၀ါ တိုင်းသည် အသက်ရှင်သန်နေနိုင်ရန်အတွက် နီးစပ်ရာ ဆက်
စပ်ရာ သို့ မဟုတ် မိရှိးဖလာ အလိုက် အစား အစာတခုခုကို စားသုံးကြရသလို အဆင့် အမြင့်ဆုံး
သတ္တ၀ါဖြစ်သည့် လူသားများသည် ခန္ဓာကိုယ်ရှင်သန်နေယုံသာမကပဲ ၀ိညာဉ် ရေးရာဆက်လက်
ရှင်သန်နေနိုင်ရန်အတွက် ဘာသာတရားတခုခုကို မိရိုးဖလာအလိုက်ဖြစ်စေ ၊ မိမိကိုယ်တိုင်ရွေးချယ်
၍ ဖြစ်စေ ကိုးကွယ်ဆီးကပ်ပူဇော်ပသ တပ်ကြလေ့ ရှိသည် ။

ထိုသို့ ကိုးကွယ်ကြရာတွင် ကယ်တင်သောအရှင် မစသောအရှင် သို့ မဟုတ် လမ်းပြသောအရှင်
စသည့် ကြီးမြတ်သော ထူးခြားသော ပုဂ္ဂိုလ် တို့ ကိုတို့ ကို ပူဇော်ဆီးကပ်ကိုးကွယ်ကြလေ့ ရှိရာ
အဘယ်အရာသည် ဘုရားဖြစ်တော်မူသနည်း အဘယ်ကြောင့် ထိုသူကို ကိုးကွယ်ဆီးကပ်ကြရ
ပါနည်း ၊ ထိုကိုးကွယ်သင့် သောပုဂ္ဂိုလ်သည် အခြားသောသူများထက် အဘယ်သို့ ထူးခြားနေ
သင့် ပါသနည်း စသည့် မေးခွန်းများကို မိမိကိုယ်မိမိ မေးမြန်းရန် လူအများစုတို့ သည် မေ့လျှော
နေတပ်ကြပေရာ ရှူဒေါင့် တခုမှနေ၍ အချို့ ကျမ်းချက်များကို ကိုးကား၍ဝေငှ လိုက်ပါသည် ။
" Whoever does not love does not know God, because God is Love "
( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ( ဓမ္မသစ်ကျမ်းပိုင်း စာမျက်နှာ ၃၁၇ ၊ ရှင်ယောဟန်သြ၀ါဒစာ
အခန်းကြီး ၄ ၊ အခန်းငယ် ၈ )
တွင် ဆိုထားပေသည်
ထိုအခါ မေတ္တာဆိုသည် ကိုကျမ်းစာက အဘယ်သို့ ဆက်လက်ဖွင့် ဆိုထားပါသနည်း ဟု
လေ့ လာကြည့် သော် " Love is patient, Love is kind. It does not envy, it does not boast,
it is not proud, it is not rude, it is not self-seeking, it is not easily angered, it keeps no
record of wrongs. ( 1 Corin 13:4-5 ) " ငါ့ ၌ မေတ္တာမရှိလျှင်အကျိုးမရှိ ၊ မေတ္တာသည် စိတ်ရှည်
တပ်၏ ၊ ကျေးဇူးပြုတပ်၏ ၊ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ၀ါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ၊ မလျှောက်
ပတ်စွာမကျင်တပ် ၊ ကိုယ်အကျိုးကိုမရှာတပ် ၊ ဒေါသအမျက်မထွက်တပ် ၊ အပြစ်ရှိသည်ဟုမထင်တပ်
မတရားသောအမှူ၌ ၀မ်းမြောက်ခြင်းမရှိတပ် ၊ သမ္မာတရား၌ ၀မ်းမြောက်တပ်၏ ခပ်သိမ်းသောအရာ
တို့ ကိုဖုံးအုပ်တပ်၏။ " ဟုဆိုထားပေသည် ။
ခရစ်တော်ဘုရားသခင်ကိုယ်တော်တိုင်ကလည်း လူသားခြင်းမေတ္တာပြကူညီကြရန် ဤသို့ 
မိန့် မှာခဲ့ ဘူးပါသည် ။ " A new command I give you: Love one another . As I have Loved
you, so you must love one another." ( John 13:34 ) " သင်တို့ သည် အချင်းချင်း တယောက်
ကို တယောက် ချစ်ကြလော့ ။ ငါသည် သင်တို့ ကိုချစ်သည့် နည်းတူ အချင်းချင်းချစ်ကြလော့ ဟုပ
ညတ်သစ်ကိုငါပေး၏ " ဘုရားသခင်သည် လူအများတို့ ကိုအဘယ်ကဲ့ သို့ ချစ်ကြခဲ့ ပါသနည်း ၊ ချစ်
ရန်တိုက်တွန်းမိန်မှာခဲ့ ပါသနည်း ဟု ကျမ်းစာများ၌လေ့ လာကြည့် ပြန်သော် ..
( ၁ ) စွန့် ကြဲ ပေးကမ်းကူညီခြင်း
( ၂ ) စွန့် လွတ်အနစ်နာခံကူညီခြင်း
( ၃ ) စွန့် စား ကယ်တင်တော်မူခြင်း
စသည့်  စွန့်  ၃ စွန့် ကို အဓိကထားကူညီလမ်းပြ သွားကြောင်း ကြမ်းစားများတလျှောက်တွေ့ ရှိရ
ပါသည် ။
လူသားအချင်းချင်း လူမျိုးအချင်းချင်း မိမိရောက်ရှိရာ နေထိုင်ရာ မွေးဖွားရာ ပတ်ဝန်းကျင်
တွင်မိမိတပ်နိုင်သည့် ဖက်များမှ ကူညီကြရာတွင်
( ၁ ) အချိန်ပေးကူညီခြင်း
( ၂ ) ငွေပေးကူညီခြင်း
( ၃ ) အကြံ ပေးကူညီခြင်း
( ၄ ) သတိပေးကူညီခြင်း
( ၅ ) လုပ်အားပေးကူညီခြင်း
( ၆ ) ဆုတောင်း ကူ ညီခြင်း
စသည် ဖြင့် မိမိတပ်နိုင်သည့် ဖက်များမှ တပ်နိုင်သလောက် အနစ်နာခံကူညီကြခြင်းသည် မင်္ဂလာ
ရှိသော လုပ်ရပ်များဖြစ်ကြောင်း ဘာသာတရားတိုင်းက လက်ခံထားကြပေသည် ။ လူတိုင်းသည်
မပြည့် စုံ ခြင်း အလျှင်းရှိသည့် အလျှောက် တပ်နိုင်သလောက် အကောင်းမြင်ဝါဒ ဖြင့် သာ သဘော
ထားကြီး မေတ္တာပြ သဘောထားကြီး ကူညီ အနစ်နာခံကြရန် ကြိုးစားသင့် ပေသည် ။
ယနေ့ ကမ္ဘာပေါ်တွင် လူသားအများစုကလေးစားကြရသော နိုဘယ်ဆုရှင်ပုဂိုလ်ကြီးများ
ကမ္ဘာကျော်ပုဂိုလ်ကြီးများကိုအနည်းစပ်ဆုံးလေ့ လာကြည့် ကြမည် ဆိုလျှင် သူတို့ ၏ ပညာမြင့် မား
တပ်မြောက်ခြင်း ၊ ချမ်းသာကြွယ်ဝကြခြင်း ၊ သြဇာအာဏာမြင့် မား ခြင်းတို့ ကြောင့် မဟုတ်ကြပဲ
ထိုသူနှင့် ဆက်ဆိုင်သော လူအများစုအတွက် အဘယ်မျှ အနစ်နာခံ ကိုယ်ကျိုးစွန့် စွန့် စားလုပ်
ဆောင်ခဲ့ ကြသည် ဆိုသည် ဖြင့် သာအများသဘောတူတိုင်းတာ လေးစားကြလေ့ ရှိ့ ကြောင်း
တွေ့ မြင်ကြရပါသည် ။ အခြားအရည်အချင်းများကြောင့် အထင်ကြီးချင်ကြီး ကြပါလိပ်မည် ၊ ကြောက်
ရွံ့ ချင်ကြောက်ရွံ့ ကြပါလိမ့် မည် သို့ သော် နောက်ကွယ်တွင် မလေးစားတပ်ကြပါ ။ လူအများ၏
စစ်မှန်သောအလေးစားခံရတပ်မှူသည် အဘယ်မျှအနစ်နာခံခဲ့ခြင်းဖြင့် သာ တိုက်ရှိက်အချိုးကြ
လျှက်ရှိကြောင်းရိုးရှင်းစွာ တွေရပေသည် ။
သို့ သော်ထိုသူအများစုတို့ သည် အလေးစားခံခြင်၍ အနစ်နာခံပြကြခြင်းမဟုတ်ကြ
ပဲ မိမိတို့ ၏ ၀ါသနာ ၊ စေတနာ ၊ အနစ်နာ တို့ နှင့် မခံခြင်စိတ် တို့ ၏တွန်းအားများကြောင့် သာ
တဖြေးဖြေး ၀င်ရောက် ပတ်သက်လာကြရကြောင်း တွေ့ ရတပ်ပေသည် ။ ထိုအနစ်နာခံ ဦး
ဆောင်လိုစိတ်အများစုတို့ သည် ပြည်သူ အများစုအပေါ် မေတ္တာ၊ စေတနာ ထားမှူများမပေါက်
ဖွားလာတပ်ပေရာ မေတ္တာသည်သာ အမြတ်ဆုံးဖြစ်ကြောင်းတွေ့ ရပေသည် ။
" Whoever does not love does not know God, because God is Love " ( 1 John
4:8 )
တွင် " ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ ၊ အကြောင်းမူကား ဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ ။ " ဟုသာဖေါ်ပြလိုပါသည်
ယနေ့ ကမ္ဘာကြီးပေါ်တွင် ဘာသာတရားတိုင်း၌ အစွန်းရောက်ဝါဒီများရှိတပ်ကြ
သလို။ အ ကောင်းအဆိုး အားနည်းချက်အားသာချက် နှင့် လူအမျိုးစုံ တို့ ကို ဒွန်တွဲ၍ဘာသာတိုင်း၌
တွေ့ ရှိနိုင်ကြပေရာဘာသာတရားအားလုံး၏ ဘုံ လေးစား ထိုက်သော တူညီသော အမြင့် မြတ်ဆုံး
သော အရာသည် ကား Love ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း ရိုးသားနိမ့် ချစွာ ဝေငှလိုက်ရပါသည် ။

" Qualities of a Leader "

" Patience, Vigilance and industry, Liberality , compassion and hope-these are the qualities
of a leader; these the qualities that should be wished for by the righteous. "

နာယကဂုဏ် ၆ ပါး

" ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှူ ဤခြောက်ခု ကြီးသူ ကျင့် ဝတ်သာ ။ "



ဘုရားသခင်သည် ချစ်ခြင်းမေတ္ထာဖြစ်တော်မူ၏

အသစ်သော သီချင်းကို သီဆိုကြလော့ 

Oversea Burmese Youth Christian Association

Key : G

အမှောင်ရယ် ကြီးစိုးတဲ့ လူ့ ကမ္ဘာ x x x x x x ထိမိ၍ လဲ စရာ များစွာ x x x x x ဘယ်ဆီကို ဦးတည်မှန်းမသိပြီ
x x x x x လမ်းစ ပြောက်ဆုံး x x x x xလမ်းဆုံး လည်း မမြင်နိုင် တယ် x x x x x

ကယ်တင်ရှင် ဘုရားကြွလာ x x x x xစိတ်ဝိညာဉ် အသင့် ပြင်ကာ x x x x x နလုံးသားတံခါးသာ ဖွင့် ထား x x x x x အလင်းလည်း ရ လမ်းခရီး တွေ့ မှာ x x x x x

ကယ်တင်ခြင်း ဟူသည်

Oversea Burmese Youth Christian Association ( Canada )


ကယ်တင်ခြင်းတွက်ခရစ်တော်
လူတို့ နေ့ တိုင်းမျှော်
လောကမြေပေါ် ကြွလာတော့ 
ကမ္ဘာဆုံးပြီပေါ့ ။

ကျူးဧ ချမ်းမြေ့ တေးသံသာ
ဘုရားကျောင်းထဲမှာ
ဆုချွေတောင်းကာစောင့် နေ၏
ရေရှူ လာချိန်ထိ ။

ပေးကမ်းစွန့် ကျဲ လှူကြပါ
ကောင်းချီးရစေရာ
ကျမ်းစာဖတ်ပါနေ့ စဉ်တိုင်း
ဝိညာဉ်အုတ်တံတိုင်း ။

( ခရစ်တော်ဉ် ညီငယ် John )

သက်သေခံခြင်း

Oversea Burmese Youth Christian Association


ကျွန်ုပ်တို့ ၏ သက်သေခံခြင်း ဆိုသည်မှာ တပါးသူများ ခွန်အား ရစေယုံမျှ မက ပဲ မိမိကိုယ် မိမိ အသံ ထွက်
ခွန်အားပေး ဝေမျှခြင်းဖြစ်ပေရာ ကြားနာသူ အယောက်စီတိုင်း ထိမိ၍ လဲ စရာ မဖြစ်စေပါမည့် အကြောင်း
ကျွန်ုပ် ၏ နုပ်လျှာကို ကောင်းချီး ပေးတော်မူပါ ..

Sunday, April 26, 2009

မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက် စေရန်




ဤ OBYCA စတင် စဉ်က ပင် ဘန်ကောက် ရှိ အချုပ်များ ထောင်များ အားလုံးလိုလို သို့ ကျွန်တော်တို့  ၀င်
ရောက်ကာ အဓိကလို အပ်ချက်များဖြစ်ကြသည် ထောင်အတွင်းနှင့် ပြင်ပသို့  အဆက်အသွယ်များ လုပ်ပေး
ခြင်း ၊ လိုအပ်သည့် အစားအသောက်များ အသုံးအဆောင်များကို ဝေငှခြင်း ၊ ထိုင်း Immigration နှင့်  မြန်မာ
သံရုံးတို့ အကြား လုပ်ဆောင်စရာ ရှိသည့်  စာရွက်စာတမ်းများကို လျှင်မြန် ချောမွေ့ စွာ အမြန်ပြီးပြတ်စေရန်
ထိထိရောက်ရောက် ကြားဝင် ဆောင်ရွက်ပေးခြင်း ၊ စသည် တို့ ကို အခြား NGOs များနှင့် တွဲဖက်ကာ
Prison Ministry အဖွဲ့ များ အနေဖြင့်  အထူး လက်မှတ်များ ကို ထိုင်းအာဏာပိုင်များနှင့် ညီနိုင်းရယူကာ
အချုပ်များ ထောင် များသို့  အထူး ၀င်ထွက်သွားလာ ကူညီ ပေးခဲ့ ကြသည့် အပြင် အချုပ်မှ ပြန်ထွက်လာ
သူများကို လည်း လက်လှမ်းမှီသ၍ ကူညီ လုပ်ဆောင်ပေးခဲ့ ကြပါသည် ။
သို့ သော် မြန်မာ ပြည်တွင်းထဲ မှ အချုပ်ထောင်ထဲ မှ မြန်မာ တိုင်းရင်းသားများစွာအတွက်ကိုမှူကား အထူး
အစာရှောင်ဆုတောင်းခြင်းများ နှင့် အခြားလက်လှမ်းမှီရာ သင့် ရာ အခွင့် ပေးရာ များဖြင့်  လုပ်ဆောင်ခဲ့ 
ဘူးပေရာ ယခု အနောက်နိုင်ငံကြီးများ သို့  ရောက်ရှိနေထိုင်နေစဉ်ကာလများတွင်လည်း ၊ အချို့ NGOs
များနှင့် ဆက်သွယ် ၍ တပ်အားသ၍ ဆုတောင်း လုပ်ဆောင်နေပါသည် .......

ထာဝရ ကျေးဇူးတော်ကို ချီးမွမ်းလျှက်




ဘုရားသခင်၏ ဖန်ဆင်း ခြင်းနှင့်  ကင်းလွတ်လျှက် ဖြစ်သော အရာ တစုံ တခု မျှ မရှိ ...
အံ အော ဘွယ် သောအရာများကို လုပ်ဆောင်သောသူသည် ဘုရားသခင်ဖြစ်သည်.....
ဘုရားသခင်အတူ ပါရှိသော လက်ခဏာ ကား ကြီးပွားခြင်း တိုးပွါး ခြင်း ပေတည်း ...
သူ ၏ အလို တော်နှင့် ညီ သော လုပ်ဆောင်ချက်များကို မစ လေ့ ရှိသည် ...
စသည့် ကျေး ဇူး တော်များကို ဆက် လက် ဝေ ငှ ပါ မည် ...