Sunday, May 3, 2009

ဘယ်ကလာ ၍ ဘယ်ကို သွား မည်နည်း


Oversea Burmese Youth Christian Association ( U.S )

ဘယ်ကလာ ၍ ဘယ်ကို သွား မည်နည်း

သင် ၏မွေးဖွား ခြင်း အတွက် သင့် ဉ် ရွေးချယ်နိုင်ခွင့် မရှိသော်လည်း သင် အသက်ရှင်နေထိုင်
လိုက်လျှောက် ခြင်း အတွင် သင့် ၌ ရွေးချယ် စရာ ရှိပါသည်...

မိတ်ဆွေသည် မွေးဖွါး သည့် နေရာ ၊ နိုင်ငံ ၊ မျိုးရိုး ဇာတိဒေသကိုလိုက်၍ အစားအစာ များကိုစား
သောက်လာခဲ့ ရပေသည်... ဆန် ကို အဓိကစား၍ ကြီးပြင်းလာရသောသူ ၊ ဂျုံ ကို အဓိကထား၍
ကြီးပြင်းလာရသောသူ ၊ ပေါင်မုံ့ ကို သော်၎င်း ၊ ကောက်ညှင်း ကိုသော်၎င်း သင်၏ အသက် ကိုယ်
ခံန္ဓာ ရှင်သန်နေရေးအတွက် စားသုံးနေရပေသည် ။

ဘယ်အစားအစာ သည် ဘယ်လူမျိုးအတွက် ၊ ကောင်းမွန်သည် ၊ အကောင်းဆုံးဖြစ်သည်ကို အငြင်း
ပွားနေရန် မသင့် ပေ ၊ သို့ သော် အစာ စားရမည် မှာကျိန်းသေဖြစ်ပါသည် ။

လူသည် ကိုယ် ၊ စိတ် ၊ ၀ိညဉ် သုံးပါး ဖြင့် ဖွဲ့ စည်း ထားသော သက် ရှိဖြစ်ရကား သင် ၏ ခန္ဓာရှင်သန်
ရေး အတွက် အစာ တခုခုစားသုံးရန် လိုအပ်သကဲ့ သို့  သင် ၏ ၀ိညာဉ် ရှင်သန်နေစေရေး အတွက်
ဝိညာဉ် စာ တခုခု စားသုံးရန် လိုအပ်ပါသည် ။

ဥပမာ ပေးရလျှင်မူကား လူ ၊ တရိစ္ဆာန် ၊ သစ်ပင် စသည့်  သက်ရှိ သုံးမျိုးတွင် သစ်ပင်သည် ကိုယ်ခံ
န္ဓာ သာရှိ၍ စိတ်နှင့် ဝိညာဉ် မရှိပေ ၊ တရိစ္ဆာန်တွင်လည်း ကိုယ်ခံန္ဓာနှင့်  စိတ်သာ ရှိ၍ ၀ိညာဉ် မရှိ
ပေ ၊ ဘုရားသခင် ဖန်ဆင်း သည့် လူသည်ကား ၊ ကိုယ် ၊စိတ် ၊ ၀ိညာဉ် သုံးပါးဖြင့် ဖွဲ့ စည်း ထားလေ
သည် ၊ ကမ္ဘာဦးကျမ်းကို လေ့ လာကြည့် လျှင် ဘုရားသခင်သည် ကမ္ဘာဦးအစ၌ တရိစ္ဆာန်နှင့် သစ်
ပင် စသည်တို့ ကို တန်ခိုးတော်နှင့် ဖန်ဆင်း လေ၏ လူကို မြေမှူံ့ ဖြင့် ဖန်ဆင်းပြီး မှ ဇိဝအသက်
ဝိညာဉ်ကို သူကိုယ်တိုင် မှူတ်သွင်းတော်မူပြီးမှ ဖြစ်စေခဲ့ ၏

ထို့ ကြောင့်  သင်္ခါရ တရားနှင့် ပြေ့ ဝသောဤကမ္ဘာကြီးတွင် အရာအားလုံးသည် ပျက်စည်းကြ
သောအခါ မြေ မှူံ့ ဘ၀သို့ ရောက်သွားရသော်လည်း ဘုရားရှင် မှူတ်သွင်းတော်မူသော ၀ိညာဉ်
သည် ထာဝရ တည်ရှိနေလေ၏ ။

ဝိညာဉ် တည်မြဲ မှူနိယာမအရ " ၀ိညာဉ်တိုင်းသည် ပျောက်ဆုံးခြင်းမရှိ ၊ ပျက်စီးခြင်းမရှိ ၊ ပုံသန်
တန်တမျိုးမဟုတ်တမျိုးဖြင့် ထာဝရတည်ရှိနေလေ၏ "။ ဆိုချင်ပါသည် ။

ဤသို့ ဆိုလျှင် သင် ၏ ၀ိညာဉ်သည် ဘယ်သို့ သွာမည် ကို သင် တွေး တော မိပါသလား ..

ဆက်လက် ရေးသားပါမည် ...

No comments: