
နအအဖ၏ နောက်ဆုံးလမ်းက အခြေအနေ
လှည့်ဖြားသောမြန်မာစစ်အစိုးရ မာရ်နတ်
တပ်မတော်သား တပည့်သားရဲနှင့်
ဝန်ကြီး ဗိုလ်ပါ မိစ္ဆာပရောဖက်များကို
ကန့်နှင့်ရောနှောသော
မီးအိုင်ထဲသို့ချပစ်ပြီး
ဒီမိုကရေစီ လူများကို
ကိုယ်ထိ လက်ရောက်စော်ကားသူများကို
ပြင်းပြင်းကျက်ပူနေသော
စိန်ဒယ်အိုး အလယ်ဝယ်
လူတို့ မှဖြစ်လာသော
ဆီအနည်းငယ်ဖြင့်
ပြည်သားများ စားရန်
ဝက်ခေါက်ကင် ဘဲကင်နည်းဖြင့်
သူတို့သည် နေ့ညဥ့်မပြတ်
ကမ္ဘာအဆက်ဆက် ပြင်းစွာသော
ဝေဒနာကိုခံရကြလတံ့။
နအဖ၏ နောက်ဆုံးလမ်းကား
မသေခင် ဝေဒနာများစွာဖြင့်
ရှေးအခါ အီဂျစ်ဘုရင်များကဲ့သို့ 
သားစဉ်မြေးဆက် ရောဂါ ဝေဒနာ
ဘေးဆိုးများကျရောက်မည် ။
သေလွန်သည့် အခါ သတ်ခဲ့တဲ့
လူများအရည်အတွက်အတိုင်း
ပြန်လည် ရှင်သန် အသက်ဝင်လာမည် ၊
ဘာသာတရားများ၏
သင်ကြားချက်များကို ပစ်ပယ်ပြီး
ဘိုးတော်ကြီးများ
ဗေဒင်ဆရာ ယတြာ များဖြင့်
အပြစ်များကို
အချိန်လွဲခဲ့သည့်အတိုင်း
ထိုအချိန်တွင် ခံရမည် ။
ထပ်မံအချိန်ဆွဲရန်
မိစ္ဆာ ပရောဟိတ်ကြီးများလည်း
အပြစ်ခံနေရပြီး
မကူညီနိုင်တော့ပါ ။
နအဖများ စစ်ဗိုလ်များ
နောက်ဘဝမှာ ပြေးရန်
စဉ်းစား ကြည့်ပါ ။
နောက်ကျ ပြီလား။
အချိန်ရှိသေးလား ။
ပိတ္တာ ဘဝများကိုလည်း
အကြိမ်ကြိမ်ခံရမည် ။
ဝိုင်းဆုတောင်းကြပါ ။
ဗျာဒိတ်ကျမ်း။ Revelation ၂ဝ
http://www.burmesebible.com/buglish/Revelation.htm
၁၁တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊
ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။
ကောင်းကင်နှင့် မြေကြီးသည်
မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။
၁၂သေလွန်သောသူ အကြီးအငယ်တို့သည်
ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။
စာစောင်များကို ဖွင့်ထား၏။
အသက်စာစောင်တည်းဟူသော
အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။
သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊
စာစောင်တို့၌ ရေးထားချက်များနှင့်အညီ
တရားစီရင်ခြင်းကို ခံရကြ၏။
၁၃သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။
မရဏာနှင့်မရဏာနိုင်ငံသည်လည်း
မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။
လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း
တရားစီရင်ခြင်းကို ခံရကြ၏။
၁၄ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို
မီးအိုင်ထဲသို့ ချပစ်လေ၏။
ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။
၁၅အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း
မီးအိုင် ထဲသို့ ချပစ်လေ၏။
မည်သူမပြု မိမိမှု ၊
ကိုယ်ဒုက္ခပေးခဲ့တာ
ကိုယ်ပြန်ခံ
ကိုယ်ကူညီပေးခဲ့ရင်
ဘုရားသ္ခင်က သင့်ကို ကူညီလိမ့်မယ် ။
သင်သူတပါးကို ပျက်ရယ်ပြုရင်
သင့်ကို ဘုရားသခင်က ပျက်ရယ်ပြုတဲ့နေ့ 
ရောက်မလာခင် ဝန်ချတောင်းပန်လိုက်ပါ ။
http://www.livingdisciples.net/ministry
Met vriendelijke groet
Dhr Htay Tint