တစ်ပါးတည်း တဦးတည်း ကမ္ဘာပေါ်တွင်ရှိသည်
ဘုရားများဟာ ကောင်းတာလမ်းညွန်တာပါဆိုပေမဲ့
ဘုရားဆိုတာ ဘာလဲ ၊တကယ်ရောရှိနေတာလား
ကမ္ဘာဦးကစတင်ပြီး လူတွေက သတ်မှတ်တာလား
ဘုရားက လူတွေကို သတ်မှတ်တာလား
အသက်ရှိသော ဘုရားကတော့ သန့် ရှင်းသောဝိဥာဉ်တော်မှ တဆင့်
သူ့ ကို ယုံကြည်သူများ အပ်နှံသောသူများကို သားတော် သမီးတော်အဖြစ်
လက်ခံပြီး စိတ်ချရသော လမ်းကြောင်းပေါ်သို့ လမ်းပြနေသည် ။
ဗေဒင် လက္ခဏာ နက္ခတ္တကျမ်း ရှေ့ ဖြစ် နောက်ဖြစ်အကြားအမြင်တွေ
ကံတရားဆိုပြီး ထီပေါက်သူတွေ ။
ကောင်းတာတွေ တသက်လုံးလုပ်ပေမဲ့ 
မြန်မာပြည်ကလူတွေ ဘာကြောင့် ထမင်းငတ်နေပြီး မွဲပြီးရင်းမွဲနေတာလဲ
ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၅း ၁၈
http://www.burmesebible.com/buglish/Isaiah.htm
၁၈မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။
ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၃း ၁၀ ၁၁
http://www.burmesebible.com/buglish/Isaiah.htm
၁ဝထာဝရဘုရားမိန်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည်မှန်ပြီဟု နားလည်မည် အကြောင်း၊ငါ၏သက်သေ၊ ငါရွေးကောက်သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ င့ါနောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှမရှိရာ။ ၁၁ငါတပါးသည် ထာဝရဘုရား ဖြစ်၍၊ ငါမှတပါးကယ်တင်သော သခင်မရှိ။
ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၅း၂၂
http://www.burmesebible.com/buglish/Isaiah.htm
၂၂မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည်ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
ရှင်မဿဲခရစ်ဝင် Matthew ၂၆း၆၃
http://www.burmesebible.com/buglish/Matthew.htm
၆၃ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း၊ သင်သည်ခရစ်တော်တည်း ဟူသောဘုရားသခင်၏ သားတော်မှန်သည် မမှန်သည်ကိုငါတို့အားပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကိုငါတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏
တမန်တော်ဝတ္တု Acts ၁၄း၁၅
http://www.burmesebible.com/buglish/Acts.htm
၁၅အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှ တို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။
သက်သာလောနိ ၁ Thessalonians 1 ၁း၉
http://www.burmesebible.com/buglish/Thessalonians1.htm
၉ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှါ၎င်း၊
ဟေဗြဲသြ၀ါဒစာ Hebrews ၁၀း၃၁
http://www.burmesebible.com/buglish/Hebrew.htm
၃၁အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။
ဗျာဒိတ်ကျမ်း Revelation ၇း၂ ၊ ၃
http://www.burmesebible.com/buglish/Revelation.htm
၂အသက်ရှင် တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာက တတ်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန် လေးပါးကိုအသံလွှင့်၍၊ ၃ ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။
ဟေရှာရအနာဂတ္တိ Isaiah ၄၂း၈
http://www.burmesebible.com/buglish/Isaiah.htm ၈ငါသည် ထာဝရဘုရားဖြစ် ၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့အသရေကို ရုပ်တု ဆင်းတုတို့အား၎င်း ငါမပေး။
တစ်ပါးတည်း တဦးတည်း သူ၏တပည့် တွေကတော့
ဘယ်နိုင်ငံရောက်ရောက် ဘယ်နိုင်ငံသားတွေဘဲဖြစ်ဖြစ
ခံယူချက် အတွေးအခေါ် ကတော့ အတူတူဘဲနော်
http://www.jbcs.org.sg/main/index.php
်
No comments:
Post a Comment