Tuesday, June 22, 2010

နအအဖ၏ နောက်ဆုံးလမ်း



နအအဖ၏ နောက်ဆုံးလမ်းက အခြေအနေ

လှည့်ဖြားသောမြန်မာစစ်အစိုးရ မာရ်နတ်
တပ်မတော်သား တပည့်သားရဲနှင့်
ဝန်ကြီး ဗိုလ်ပါ မိစ္ဆာပရောဖက်များကို
ကန့်နှင့်ရောနှောသော
မီးအိုင်ထဲသို့ချပစ်ပြီး
ဒီမိုကရေစီ လူများကို
ကိုယ်ထိ လက်ရောက်စော်ကားသူများကို
ပြင်းပြင်းကျက်ပူနေသော
စိန်ဒယ်အိုး အလယ်ဝယ်
လူတို့ မှဖြစ်လာသော
ဆီအနည်းငယ်ဖြင့်
ပြည်သားများ စားရန်
ဝက်ခေါက်ကင် ဘဲကင်နည်းဖြင့်
သူတို့သည် နေ့ညဥ့်မပြတ်
ကမ္ဘာအဆက်ဆက် ပြင်းစွာသော
ဝေဒနာကိုခံရကြလတံ့။

နအဖ၏ နောက်ဆုံးလမ်းကား
မသေခင် ဝေဒနာများစွာဖြင့်
ရှေးအခါ အီဂျစ်ဘုရင်များကဲ့သို့ 
သားစဉ်မြေးဆက် ရောဂါ ဝေဒနာ
ဘေးဆိုးများကျရောက်မည် ။
သေလွန်သည့် အခါ သတ်ခဲ့တဲ့
လူများအရည်အတွက်အတိုင်း
ပြန်လည် ရှင်သန် အသက်ဝင်လာမည် ၊
ဘာသာတရားများ၏
သင်ကြားချက်များကို ပစ်ပယ်ပြီး
ဘိုးတော်ကြီးများ
ဗေဒင်ဆရာ ယတြာ များဖြင့်
အပြစ်များကို
အချိန်လွဲခဲ့သည့်အတိုင်း
ထိုအချိန်တွင် ခံရမည် ။
ထပ်မံအချိန်ဆွဲရန်
မိစ္ဆာ ပရောဟိတ်ကြီးများလည်း
အပြစ်ခံနေရပြီး
မကူညီနိုင်တော့ပါ ။
နအဖများ စစ်ဗိုလ်များ
နောက်ဘဝမှာ ပြေးရန်
စဉ်းစား ကြည့်ပါ ။
နောက်ကျ ပြီလား။
အချိန်ရှိသေးလား ။
ပိတ္တာ ဘဝများကိုလည်း
အကြိမ်ကြိမ်ခံရမည် ။
ဝိုင်းဆုတောင်းကြပါ ။
ဗျာဒိတ်ကျမ်း။ Revelation ၂ဝ




http://www.burmesebible.com/buglish/Revelation.htm

၁၁တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊
ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။
ကောင်းကင်နှင့် မြေကြီးသည်
မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။
၁၂သေလွန်သောသူ အကြီးအငယ်တို့သည်
ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။
စာစောင်များကို ဖွင့်ထား၏။
အသက်စာစောင်တည်းဟူသော
အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။
သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊
စာစောင်တို့၌ ရေးထားချက်များနှင့်အညီ
တရားစီရင်ခြင်းကို ခံရကြ၏။
၁၃သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။
မရဏာနှင့်မရဏာနိုင်ငံသည်လည်း
မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။
လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း
တရားစီရင်ခြင်းကို ခံရကြ၏။
၁၄ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို
မီးအိုင်ထဲသို့ ချပစ်လေ၏။
ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။
၁၅အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း
မီးအိုင် ထဲသို့ ချပစ်လေ၏။

မည်သူမပြု မိမိမှု ၊
ကိုယ်ဒုက္ခပေးခဲ့တာ
ကိုယ်ပြန်ခံ

ကိုယ်ကူညီပေးခဲ့ရင်
ဘုရားသ္ခင်က သင့်ကို ကူညီလိမ့်မယ် ။

သင်သူတပါးကို ပျက်ရယ်ပြုရင်
သင့်ကို ဘုရားသခင်က ပျက်ရယ်ပြုတဲ့နေ့ 
ရောက်မလာခင် ဝန်ချတောင်းပန်လိုက်ပါ ။

http://www.livingdisciples.net/ministry


Met vriendelijke groet

Dhr Htay Tint

Saturday, June 12, 2010

အသက်ရှင်သော ဘုရား

တစ်ပါးတည်း တဦးတည်း ကမ္ဘာပေါ်တွင်ရှိသည်

ဘုရားများဟာ ကောင်းတာလမ်းညွန်တာပါဆိုပေမဲ့
ဘုရားဆိုတာ ဘာလဲ ၊တကယ်ရောရှိနေတာလား
ကမ္ဘာဦးကစတင်ပြီး လူတွေက သတ်မှတ်တာလား
ဘုရားက လူတွေကို သတ်မှတ်တာလား

အသက်ရှိသော ဘုရားကတော့ သန့် ရှင်းသောဝိဥာဉ်တော်မှ တဆင့်
သူ့ ကို ယုံကြည်သူများ အပ်နှံသောသူများကို သားတော် သမီးတော်အဖြစ်
လက်ခံပြီး စိတ်ချရသော လမ်းကြောင်းပေါ်သို့ လမ်းပြနေသည် ။

ဗေဒင် လက္ခဏာ နက္ခတ္တကျမ်း ရှေ့ ဖြစ် နောက်ဖြစ်အကြားအမြင်တွေ
ကံတရားဆိုပြီး ထီပေါက်သူတွေ ။
ကောင်းတာတွေ တသက်လုံးလုပ်ပေမဲ့ 
မြန်မာပြည်ကလူတွေ ဘာကြောင့် ထမင်းငတ်နေပြီး မွဲပြီးရင်းမွဲနေတာလဲ

ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၅း ၁၈
http://www.burmesebible.com/buglish/Isaiah.htm
၁၈မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။

ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၃း ၁၀ ၁၁
http://www.burmesebible.com/buglish/Isaiah.htm
၁ဝထာဝရဘုရားမိန်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည်မှန်ပြီဟု နားလည်မည် အကြောင်း၊ငါ၏သက်သေ၊ ငါရွေးကောက်သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ င့ါနောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှမရှိရာ။ ၁၁ငါတပါးသည် ထာဝရဘုရား ဖြစ်၍၊ ငါမှတပါးကယ်တင်သော သခင်မရှိ။

ဟေရှာယအနာဂတ္တိကျမ်း Isaiah ၄၅း၂၂
http://www.burmesebible.com/buglish/Isaiah.htm
၂၂မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည်ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

ရှင်မဿဲခရစ်ဝင် Matthew ၂၆း၆၃
http://www.burmesebible.com/buglish/Matthew.htm
၆၃ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း၊ သင်သည်ခရစ်တော်တည်း ဟူသောဘုရားသခင်၏ သားတော်မှန်သည် မမှန်သည်ကိုငါတို့အားပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကိုငါတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏

တမန်တော်ဝတ္တု Acts ၁၄း၁၅
http://www.burmesebible.com/buglish/Acts.htm
၁၅အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှ တို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။

သက်သာလောနိ ၁ Thessalonians 1 ၁း၉
http://www.burmesebible.com/buglish/Thessalonians1.htm
၉ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှါ၎င်း၊

ဟေဗြဲသြ၀ါဒစာ Hebrews ၁၀း၃၁
http://www.burmesebible.com/buglish/Hebrew.htm
၃၁အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။

ဗျာဒိတ်ကျမ်း Revelation ၇း၂ ၊ ၃
http://www.burmesebible.com/buglish/Revelation.htm
၂အသက်ရှင် တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာက တတ်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန် လေးပါးကိုအသံလွှင့်၍၊ ၃ ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။

ဟေရှာရအနာဂတ္တိ Isaiah ၄၂း၈
http://www.burmesebible.com/buglish/Isaiah.htm ၈ငါသည် ထာဝရဘုရားဖြစ် ၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့အသရေကို ရုပ်တု ဆင်းတုတို့အား၎င်း ငါမပေး။


တစ်ပါးတည်း တဦးတည်း သူ၏တပည့် တွေကတော့
ဘယ်နိုင်ငံရောက်ရောက် ဘယ်နိုင်ငံသားတွေဘဲဖြစ်ဖြစ
ခံယူချက် အတွေးအခေါ် ကတော့ အတူတူဘဲနော်
http://www.jbcs.org.sg/main/index.php




Tuesday, June 1, 2010

ပြည်ပရောက်မြန်မာလူငယ်များ ခရစ်ယာန်အသင်း အစ သမိုင်း





ပြည်ပရောက်မြန်မာလူငယ်များ ခရစ်ယာန်အသင်း အစ သမိုင်း


Oversea Burmese Youth Christian Association