Wednesday, May 5, 2010

ခရစ်တော် ဟာဘယ်သူလည်း Who is JESUS ?

မိတ်ဆွေ

ဒီနေ့ မှာ သတင်းစကား တခုပါးစရာ ရှိပါတယ် ။
အပြစ် လို့ လွယ်လွယ်လေး ပြောနေကြတဲ့ စကားတလုံး ဖြစ်ပါတယ် ။
အပြစ် စကားလုံး နောက်ကွယ်မှာ မြောက်များစွာ သော ပုံစံတွေရှိနေပါတယ် ။
ရရှိလာမည့် ဆုတွေ ဒဏ်တွေကလည်း
လက်ရှိဘဝမှာကော နောင်သေလွန်ပြီးသော အခါတွေပါ ခံရမှာပါလို ပြောကြပါတယ် ။
အပြစ်လုပ်ခဲ့တယ်လို့  ခံယူသူတွေက ရလာမည့်အကျိုးတရားကို နည်းမျိုးစုံနဲ့ ကာကွယ်ကြပါတယ် ။
လောကကြီးမှာ အပြစ်မရှိအောင် နေခဲ့သူတွေကလည်း အပြစ်ရဲ့ အကြောင်းတရားက
ရရှိလာမည့် အကျိုးတရားကို လူအတွေးနဲ့ ပင် စဉ်းစားကြည့်ပါ ။
လွတ်ပါရဲ့ လား

မိတ်ဆွေတို့  သေသေချာချာ ပြန်စဉ်းစား စေချင်ပါတယ် ။
မိဘနှစ်ပါးက တဦးနှင့်တဦး ကြည်ဖြူသည်ဖြစ်စေ မကည်ဖြူသည်ဖြစ်စေ ။
တိုတောင်းသော စက္ကန့် ပိုင်းကာလမှာ ညိုညင်မှုဖြစ် တတ်ပါတယ် ။

ထာဝရဘုရား တားမြစ်သည့်ကြားက ဥယာဉ်ထဲက အသီးကို စားကာ
ကာမဆန္ဒဖြစ်ပေါ်လာပြီး လူသားတွေရယ်လို့ ဖြစ်လာခဲ့ပါတယ် ။
ထာဝရဘုရားရှင်က

http://www.burmesebible.com/buglish/Genesis.htm
၂၆တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍန်နှင့်တညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ ၂၈အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။

ထာဝရဘုရားရှင် ရည်ရွယ်သော လူသားများသည် သီးခြားနည်းဖြင့် များပြားစွာ မွေးဘွားစေရန်စီစဉ်ခဲ့သော်လည်း
လူသားအစမှာပင် မိမိဆန္ဒကို ဦးစားပေးခဲ့ပါတယ် ။

ဆန္ဒကို ဦးစားပေးတတ်တဲ့ အကြောင်းတရားကြောင့် အောက်ပါ အကျိုးတရားကို ထာဝ၇ဘုရားရှင် ချမှတ်ခဲ့ပါတယ် ။
၁၆မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကို အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့ လိုက်၍၊ သူ၏အုပ်စိုးခြင်း ကိုခံရမည်ဟု မိန့်တော်မူ၏။ ၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ၁၈ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။

လူတိုင်းမှာ မွေးပြီဆိုတာနဲ့ 
၁ အပြစ်လေးနဲ့ မွေးလာပါတယ် ။
၂ လူ့ ဘောင်အထဲမှာ လူသားတွေသတ်မှတ် စည်းကမ်းတွေကို လိုက်နာရင်း
မိမိကမသိလိုက်ဘဲ အပြစ်တွေ ကျူးလွန်ပါတော့တယ် ။
၃ ထာဝရ ဘုရားရှင်ကို မသိလို့ ဖြစ်စေ သိလျှက်နှင့် မယုံကြည်လျှင်ဖြစ်စေ
ဘုရားရှင်ချမှတ်ထားသော အပြစ်မှားကို မသေမချင်း ကျူးလွန်ပါတော့တယ် ။

ဘယ်လိုနည်းနဲ့  ဒီအပြစ်တွေက လွတ်နိုင်ပါသလဲ ။
ငွေပေးလို့ ရမလား
တပည့်တယောက်ကို လူစားထဲ့နိုင်မလား

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်စ အထိ တိကျသော အဖြေကိုရှာကြပါတယ် ။ လေ့လာခဲ့ကြတယ် ။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်စမှာ အဖြေကို ထာဝရ ဘုရားရှင်က အဖြေပို့ ပေးခဲ့ပါတယ် ။
ထာဝရဘုရားကို ဝေးကွာခဲ့ပြီး ဘာသာရေးဆိုတာ နားမလည်သော အချိန်ကပင်
လူရိုင်းဆိုသူများပင် စိတ်၏ စေတသိတ် စေ့စော်မှုမှတဆင့်
ဒါဟာ အပြစ် ။ ဒါဟာဖြစ်သင့်တယ်ဆို တွေးတောကြပြီး သဘာဝ ဆင်ခြင်ထုံတရားနဲ့  လူ့ ဘောင်လောကကို
ကာကွယ် စောင့်ရှေက် ကြပါတယ် ။
အချင်းချင်း သတ်သူများ
အတင်းပြောသူများသည်

မောင်နှမချင်း မိဘနှင့်သားသမီးပြစ်မှားလေ့ရှိသည့်
တိရိစ္ဆာန် အဆင့်ထက်နဲနဲဘဲ သာပါသည် ။
ထိုသူများအတွက် ရင်လေးစရာပါ ။
မိတ်ဆွေ


http://www.burmesebible.com/buglish/John.htm
၁ဝထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။

http://www.burmesebible.com/buglish/John.htm
၁၁ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် ကို၎င်း ယုံကြလော့။ ငါ့စကားကိုမယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၌ ယုံကြလော့။ ၁၂ငါအမှန်အကန် ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွား၍၊ ၁၃သင်တို့သည် ငါ၏ နာမကို အမှီပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ ၁၄သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။

တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။ ၂ဝထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ ( ယေရှုသည် ကားတိုင်ပေါ်မှာ သူအသတ်မခံခင်က ပြောခဲ့သည့်အတိုင်း သူ့ ကို ယုံကြည်သူများအပြစ်အတွက် သေခြင်းကို ခံယူခဲ့သည် ။ အပြစ်ဒဏ်မှ လွတ်မြောက်ပြီး ပြန်လည် အသက်ရှင်လာခြင်းဖြစ်ပါတယ် ။ သို့ အတွက် မသေခင်က ဒဏ်ရာများကို သက်သေအဖြစ်ပြသခြင်းဖြစ်ပါတယ် )အတွက် တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ ၂၁တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိလေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သည်နည်းတူ၊ သင်တို့ကိုငါစေလွှတ် သည်ဟု မိန့်တော်မူပြီးလျှင်၊ ၂၂ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ ၂၃အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည်အပြစ် လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည်အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။
၂၉ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

မိတ်ဆွေ သင်တို့ အပြစ်ကို အမှန်တကယ် လွတ်မြောက်ရန် ကယ်တင်သူသည် ကိုယ်တော်ရှင် ယေရှု ပင်ဖြစ်ပါသည် ။
ကိုယ်တော်အတွက် မလေးလေးဝါက ဂုဏ်ပြုတေးနဲ့  ချီးမွမ်းပါမယ် ။


ဌေးတင့်






No comments: