Monday, May 17, 2010

သန့်ရှင်းသူတို့ အလိုတော်နှင့်အညီစောင့်မတော်မူ၏။

မိတ်ဆွေတို့ 
ဒီတပါတ် ခရစ်တော်နောက်လိုက် ဖြစ်တဲ့ ကျွန်တော် အရက်စသောက်ခဲ့ပုံနဲ့ ပြတ်သွားပုံ အကြောင်းအောက်မှာပါတဲ့ လင့်ကနေဖတ်ကြည့်ပါ။
နယ်သာလန်က ဆရာဝန်ကြီးများကပင် အံ့သြကြပါတယ် ။
၂၀၀၉ နှစ်လယ်မှာ ဘီယာသောက်နေရင်း စိတ်ထဲမှာ အံ့သြဘွယ်ရာ ခံစားမှုများ ဖြစ်ပေါ်လာပြီး ခေါင်းကိုက်ခါ အရက်ဖြတ်ခြင်စီတ် အလိုအလျှောက်ဖြစ်လာပါတယ် ။
၁၅ ဂျွန်လ၂၀၀၉ မှာ တိကနဲဖြတ်ချလိုက်ပါတယ် ။ ရုပ်တရက်ဆိုတော့ ခံစားမှုက အတော့ကိုဆိုးဝါးပါတယ် ။
အချိန်တွေအများကြီး ပိုထွက်လာပါတယ် ။ ဂယောက်ကရဲဖြစ်နေတဲ့ စိတ်တွေနဲ့  အပိုချိန်တွေကို ကျမ်းစာဖတ်ပြီး အချိန်ဖြုန်းပါတယ် ။
အချိန်တိုင်း ဆုတောင်း ပါတယ် ။ http://htaytintnl.blogspot.com/2010/04/blog-post_7262.html
ဆေးစစ်ချက်ကလည်း အံ့သြဖွယ်ပါဘဲ ။ အချိန်မှီလာဖြတ်တာပါတဲ့ ။ အသဲရဲ့  သွေးကြောအဆက်ကလေးတွေက ရောင်နေပြီး မကြာမှီပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေပါပြီ ။ ဆက်သောက်လျှင် နောက်ထပ် ၂ နှစ်ဘဲ အသက်ရှင်ရန် အခွင့်အရေးရှိပါတော့တယ်တဲ့ ။ ဆရာဝန်ကြီးက မေးပါတယ် ။ ဘယ်သူက တိုက်တွန်းလို့  အရက်ဖြတ်တာလဲတဲ့ ။ သူငယ်ချင်းများကလည်း မေးကြပါတယ် ။ ၁၇ နှစ်ပေါင်းလာတဲ့ မိန်းမနဲ့ ကလေးတွေက ပေါင်းလာတဲ့ ကာလ တလျှောက် အရက်ဖြတ်ဖို့  တိုက်တွန်းတာမရခဲ့ပါဘူး ။
ဘုရားရှင်က အလိုတော်ရှိလို့  ပြတ်စေအချိန်မှာ ကွက်တိပါဘဲ ။ ထူးထူးခြားခြား ဘာဆေးမှ ကူပေးရန်မလိုဘဲ ပြတ်သွားပါတယ် ။
ကျွန်တော် တိုက်တွန်း သက်သေခံချင်တာက သန့် ရှင်အောင်နေပါ ။ ဆုတောင်းပါ ။ မိမိကိုယ်ကိုအပ်နှံထားပါ ။
ဘုရားရှင်က အလိုတော်နဲ့ အညီ ပြည်စုံတဲ့ အချိန်ကျရင် အံ့သြဘွယ်ရာ လမ်းပြ ပြင်ဆင်ခြင်းကို ခံစားရမှာပါလို့ သက်သေခံပါတယ် ။

ရောမ ၈ - ၂၂ မှ ၃၀
၂၂http://www.burmesebible.com/buglish/Romans.htm
ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။ ၂၃ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓွာ ရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။ ၂၄ငါတို့ သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကိုတွေ့မြင်လျှင် မြော်လင့်စရာအကြောင်းမရှိ၊ တွေ့မြင်သောအရာကိုအဘယ် ကြောင့် မြော်လင့်ရမည်နည်း။ ၂၅ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသော စိတ်နှင့်ငံ့လင့်၍နေကြ၏။ ၂၆ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည အတိုင်းအဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ ၂၇စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။
၂၈ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။ ၂၉ဘုရားသခင်၏ သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သား တော်မူ၏။ ၃ဝထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်းမြှောက်တော်မူ၏။
http://www.burmesebible.com/buglish/Romans.htm
ရောမ ၈ -၂၉ဘုရားသခင်၏ သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွေက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍန်နှင့် တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သား တော်မူ၏။
http://www.burmesebible.com/buglish/Ephesians.htm
ဧဖက် ၂-၁ဝအဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။


No comments: